နိုင်ငံတော်သမ္မတရဲ့ ဧရာဝတီတိုင်း ခရီးစဉ်အတွင်း တိုင်စာ ၈၁ ဆောင်ရရှိခဲ့

၂၉ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကိုရောက်ရှိလာခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ၂ ရက်တာ ခရီးစဉ်အတွင်းမှာ ပြည်သူလူထုက သမ္မတကြီးဆီကို တိုက်ရိုက်ပေးပို့တဲ့ တိုင်ကြားစာပေါင်း ၈၁ ဆောင်လက်ခံရရှိခဲ့တယ်လို့ သိရပါတယ် ။ တိုင်ကြားစာပေးသူတွေကြောင့် သမ္မတခရီးစဉ်လည်း အနှောက်အယှက်မဖြစ်ရအောင် ၊ တိုင်ကြားစာပေးချင်သူတွေလည်း ပေးခွင့်ရအောင် စီစဉ်ခဲ့တယ်လို့ သိရပါတယ် ။