ငွေဆောင်ကမ်းခြေမှာကျင်းပတဲ့ မြန်မာ့ပြည်ရဲ့ ပထမဆုံးကမ်းခြေတာဝေးပြေးပြိုင်ပွဲ

၎ ၊ နိုဝင်ဘာ ၊ ၂၀၁၈ ။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ်းခြေတာဝေးပြေးပွဲကို နိုဝင်ဘာလ ၄ ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ် ။ သဇင်ကျေးရွာ ကနေ ပင်လယ်ပတ်လမ်းတစ်လျှောက် The Sea Hotel ရှေ့အထိ ၂၁ ကီလိုမီတာ ( ၁၃ မိုင် ) ရှည်လျှားတဲ့ ပြေးလမ်းကို ပြေးကြရတာပါ ။
ဒီလို သဲသောင်မှာ ပြေးကြရတဲ့ အတွေ့အကြုံကို လိုချင်တဲ့ ပြည်တွင်းပြည်ပက အပြေးသမားတွေ ၊ ဒေသခံ ရွာသူရွာသားတွေ စုစုပေါင်း ပြိုင်ပွဲဝင် ၅၀ ကျော် ပါဝင်ခဲ့ကြပါတယ် ။ ဒီပြိုင်ပွဲကို iGREEN Co Ltd နှင့် I.M.S Travel & Tours က ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ် ။
ပထမဆုကို မြန်မာနိုင်ငံသား ကိုသောင်းအေးက ရရှိခဲ့ပြီး ဒုတိယ နှင့် တတိယဆုတွေကိုတော့ နိုင်ငံခြားသား အပြေးသမားတွေက ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ် ။