ဧရာဝတီတိုင်းမှာ အဖြစ်များတဲ့ရောဂါတွေအကြောင်းပြောပြခဲ့တဲ့ ဒေါက်တာခင်နွယ်ဝင်း

၁၃ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

နေထိုင်စားသောက်မှု ပုံစံအမှားတွေကြောင့် လူအများက အူကျန်းမာရေးနဲ့ဆိုင်တဲ့ ဆက်စပ်ရောဂါတွေ ခံစားနေရတာ တွေ့တယ်လို့ ဒေါက်တာခင်နွယ်ဝင်းကပြောပါတယ် ။ ဒီနေ့မနက်ပိုင်းမှာ ပုသိမ်မြို့ ဂရုဏာမြန်မာစင်တာမှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးအသိပညာဟောပြောပွဲ အပြီးမှာ Delta News Agency ကို အခုလို ပြောခဲ့တာပါ ။

သူမအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း လပွတ္တာ နှင့် ပုသိမ်ဒေသဘက်တွေမှာ ကျန်းမာရေးပညာပေးဟောပြောမှု ပြုလုပ်အပြီးတွေ့ရှိချက်တွေကိုအခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ် ။

ဒေါက်တာ ခင်နွယ်ဝင်းက အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ အငြိမ်းစားဆရာဝန်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ် ။ သူက ဆေးကုသမှုထက် ကျန်းမာရေးအသိပညာအကြံတွေလိုက်လံ ဟောပြောနေသူ တစ်ယောက် ဖြစ်ပါတယ်။