အင်ပင် ကို မြို့အဆင့် တိုးမြှင့် သတ်မှတ်လိုက်ပြီ

၅ ၊ နိုဝင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၊ မြန်အောင်မြို့နယ်ထဲက အင်ပင်ဒေသကို မြို့အဖြစ် သတ်မှတ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို မနေ့က နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ခဲ့ပါတယ် ။ အခုဆိုရင် ဧရာဝတီတိုင်းအတွင်းမှာ မြို့ပေါင်း ၄၅ မြို့ ရှိလာပြီ ဖြစ်ပြီး မြန်အောင်မြို့နယ်အတွက်တော့ ၃ ခုမြောက် မြို့ဖြစ်လာမှာ ဖြစ်ပါတယ် ။ အင်ပင်မြို့ဟာ ပုသိမ်-ကြံခင်း မီးရထားလမ်း နှင့် ဟင်္သာတ -ဆုံကုန်း -ကြံခင်း ကားလမ်းပေါ်မှာ ရှိနေပြီး အချက်အချာကျတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ် ။