ပုသိမ်မြို့နယ် ထိန်ပင်လေးအုပ်စု ဂွေးချေင်းကျေးရွာက ဥယျဉ်ကုန်းကို ဘယ်သူပိုင်တာလဲ

၂၁ ၊ နိုဝင်ဘာ ၊ ၂၀၁၈ ။

စေတီတစ်ဆူရှိနေတာကို အကြောင်းပြုပြီး ၆ ဧကကျော်ကျယ်ဝန်းတဲ့ ဥယျဉ်ကုန်းကို ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ် ။ စောဘောဇက်ကတော့ ဒီဥယျဉ်ကုန်းကို ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ အထောက်အထားအပြည့်အစုံ ရှိတယ်လို့ ပြောပါတယ် ။ဒီနေ့မွန်းလွဲ ၁ နာရီခွဲမှာ ပုသိမ်မြောင်းမြ စကောကရင် နှစ်ခြင်းခရစ်ယန် သာသနာဝင်းထဲက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီဒေသမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ဒေသခံအချို့ကတော့ သက်တမ်း ၂၀၀ ကျော်ရှေးဟောင်းဘုရား ဖြစ်လို့ ဒီတောင်ကုန်းတစ်ခုလုံးကို ဘုရားဝတ္တက မြေအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိနေကြတာပါ ။ ဒါကြောင့် ဒီတောင်ကုန်းပေါ်ကို သာသနာ့ အလံတွေ စိုက်ထူထားခဲ့ပြီး မနက်ဖြန် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ခြံစည်ရိုးခတ် မယ်လို့ ကြေညာထားပါတယ် ။
ဒီဖြစ်စဉ် နဲ့ ပါတ်သက်ပြီး ဘုရားဝတ္တကမြေအဖြစ် ခြံစည်းရိုးခတ်ရာမှာ ဦးဆောင်မယ့် ဦးလှဌေးကို Delta News Agency က ဆက်သွယ်မေးမြန်းရာမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ ဆီက ခွင့်ပြုမိန့်ကျထားတာ မရှိပေမယ့် တိုင်းသံဃာ့နာယကဆရာတော်တွေဆီက ခွင့်ပြုချက်ရယူထားပြီး ဖြစ်လို့ ဆက်လက် ဆောင်ရွက် သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။