စပါးအရည္အေသြးနဲ႕ အထြက္ႏွဳန္းေကာင္းေအာင္ ေတာင္သူေတြနဲ႕ နည္းပညာေပးေဆြးေႏြးတာေတြအျမန္ဆံုးလုပ္ဖို႕ တိုင္းအစိုးရကိုဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္တိုက္တြန္း

၁၄ ၊ စက္တင္ဘာ ၊ ၂၀၁၈ ။

စက္တင္ဘာ ၁၄ ရက္ေန႕ကက်င္းပတဲ့ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာမွာ စပါးအရည္အေသြးနဲ႕ အထြက္ႏွဳန္းေကာင္းဖို႕ မတ္ပဲအစား ေစ်းကြက္ဝင္အစားထိုးသီးႏွံေတြစိုက္ပ်ိဳးႏိုင္ေရး အတြက္ ေတာင္သူေတြကိုနည္းပညာေပးေဆြးေႏြးတာေတြအမျမန္ဆံုးလုပ္ဖို႕အတြက္ တိုင္းအစိုးရကို ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ကတိုက္တြန္းလိုက္တာပါ။

ဓနုျဖဴၿမိဳ႕နယ္ က တိုင္းလႊတ္ေတာ္ကို္ယ္စားလွယ္ဦးေအာင္ႏိုင္ထြန္း လယ္ယာက႑ဆိုင္ရာေမးခြန္း ၂ခုနဲ႕ ဝန္ႀကီးရဲ႕ ေျဖၾကားမႈေတြအေပၚမွာ အခုလိုတိုက္တြန္းလိုက္တာပါ။ဧရာဝတီတိုင္းလႊတ္ေတာ္အေနနဲ႕ ေမးခြန္းေမးျမန္းမႈအေပၚမွာ တုိက္တြန္းေၾကာင္းပထမဆံုးဆံုးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

တိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဝန္ႀကီးအေနနဲ႕ကေတာ့ စပါးအရည္အေသြးနဲ႕အထြက္ႏဳန္းေကာင္းဖို႕ေဆာင္္ရြက္ေနတဲ့အေျခအေနေတြ မတ္ပဲအစားထိုး ေစ်းကြက္ဝင္သီးႏွံေတြ စမ္းသပ္စိုက္ပ်ိဳးမႈအေျခအေနေတြကို ေျဖၾကားခဲ့ၿပီး ဝန္ႀကီးရဲ႕ေျဖၾကားမႈဟာ ျပည့္စံုမႈရွိတယ္လို႕လည္း လႊတ္ေတာ္ကသံုးသပ္ခဲ့ပါတယ္။

Unicode
စပါးအရည်အသွေးနဲ့ အထွက်နှုန်းကောင်းအောင် တောင်သူတွေနဲ့ နည်းပညာပေးဆွေးနွေးတာတွေအမြန်ဆုံးလုပ်ဖို့ တိုင်းအစိုးရကိုဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တိုက်တွန်း

၁၄ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

စက်တင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ဧရာဝတီတိုင်းဒေသကြီးလွှတ်တောမှာ စပါးအရည်အသွေးနဲ့ အထွက်နှုန်းကောင်းဖို့ မတ်ပဲအစား ဈေးကွက်ဝင်အစားထိုးသီးနှံတွေစိုက်ပျိုးနိုင်ရေး အတွက် တောင်သူတွေကိုနည်းပညာပေးဆွေးနွေးတာတွေအမမြန်ဆုံးလုပ်ဖို့အတွက် တိုင်းအစိုးရကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကတိုက်တွန်းလိုက်တာပါ။

ဓနုဖြူမြို့နယ် က တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်း လယ်ယာကဏ္ဍဆိုင်ရာမေးခွန်း ၂ခုနဲ့ ဝန်ကြီးရဲ့ ဖြေကြားမှုတွေအပေါ်မှာ အခုလိုတိုက်တွန်းလိုက်တာပါ။ဧရာဝတီတိုင်းလွှတ်တော်အနေနဲ့ မေးခွန်းမေးမြန်းမှုအပေါ်မှာ တိုက်တွန်းကြောင်းပထမဆုံးဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

တိုင်းဒေသကြီးစိုက်ပျိုးရေးဝန်ကြီးအနေနဲ့ကတော့ စပါးအရည်အသွေးနဲ့အထွက်နုန်းကောင်းဖို့ဆောင်ရွက်နေတဲ့အခြေအနေတွေ မတ်ပဲအစားထိုး ဈေးကွက်ဝင်သီးနှံတွေ စမ်းသပ်စိုက်ပျိုးမှုအခြေအနေတွေကို ဖြေကြားခဲ့ပြီး ဝန်ကြီးရဲ့ဖြေကြားမှုဟာ ပြည့်စုံမှုရှိတယ်လို့လည်း လွှတ်တော်ကသုံးသပ်ခဲ့ပါတယ်။